Rapidshare Time Reset
In OtherThursday, March 4, 2010
Free User များအတွက် Rapidshare မှ ဒေါင်းလုပ်ချရတဲ့အခါ တဖိုင်ပြီးမှ တဖိုင်ချရပါတယ်။
ပြီးတော့ ပိုဆိုးတာက တဖိုင်ချပြီးတာနဲ့ နောက်တဖိုင်ချဖို့အတွက် စောင့်ရပါသေးတယ်။
ဒါကိုတော့ Rapidshare မှာ ဒေါင်းလုပ်ချဖူးတဲ့ လူတိုင်းသိကြမှာပါ။ အခု Rapidshare Time Reset
ကို အသုံးပြုရင်တော့ တဖိုင်ချပြီးတာနဲ့ နောက်တဖိုင်ကို အချိန်စောင့်စရာ မလိုပဲ ဆက်တိုက်
ဒေါင်းလုပ်ချနိုင်ပါတယ်။ တချိန်တည်းမှာ နှစ်ဖိုင် သုံးဖိုင်တော့ ချလို့မရဘူးပေါ့။ Free ကို Free။
အသုံးပြုပုံကတော့ Rapidshare Time Reset software ကို ရွမ်းပြီးတာနဲ့ အနီရောင် နာရီလေး
ပေါ်လာပါမယ်။ အဲဒီ့မှာ ဒေါင်းလုပ်တဖိုင်ချပြီးတာနဲ့ double click ပေးပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင်
အောက် ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
Press any key to continue ... လို့ ပေါ်နေမှာပါ။ ကြိုက်နှစ်သက်ရာ key တခုကိုနှိပ်လိုက်ပါ။
internet ခဏပြုသွားပြီး ချက်ချင်း ပြန်ချိန်မှာပါ။ ကဲ ဒါဆိုရင် Rapidshare မှ နောက်တဖိုင်
ဆက်ချလို့ရပါပြီ။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က လင့်လေးကို ကလစ်ပြီးတော့ ဒေါင်းလုပ်ယူနိုင်ပါတယ်။
http://www.megaupload.com/?d=GK20HTJ0
လေးစားစွာဖြင့် ...

Union of Myanmar
In MEမြန်မာပြည်သည် ... ဒို့ပြည်၊
မြန်မာစာသည် ... ဒို့စာ၊
မြန်မာစကားသည် .. .ဒို့စကား၊
မြန်မာပြည်ကို ချစ်ပါ၊
မြန်မာစာကို လေးစားပါ၊
မြန်မာစကားကို မြတ်နိုးပါ။
---- --- ---- --- ---- ---
ကျွန်တော် မြန်မာပြည်ကို အရမ်း မချစ်နိုင်သေးပေမယ့် ရှိသမျှအားနဲ့ ခြစ်ချူပ်ပြီး
လုပ်ထားတာ ဖြစ်ပါတယ် ... ။ ။ ။
မိတ်ဆွေတို့ရဲ့  သူငယ်ချင်း၊ မိတ်ဆွေများကို internetမှ ပေးပို့ချင်ဆယ်ဆိုရင်တော့...
အောက်ကလင့်လေးကို ပေးနိုင်ပါတယ်။
http://www.fileden.com/files/2008/10/9/2135910/mp.swf
မိတ်ဆွေတို့ computer ထဲမှာ *.exe ဖိုင် အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့ ...
ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ပြီး ရယူနိုင်ပါတယ်။ ။ ။
လေးစားစွာဖြင့်...
သူငယ်ချင်းသို့ .....
In OtherWednesday, March 3, 2010
သူငယ်ချင်း...
ကိုယ့်ပြည်ကိုယ့်ရွာ်
စည်ပင်ဖြိုးအောင်
ကြံဆောင်ဖို့က
မင်းတို့ငါတို့၊ တာဝန်တည်း.........။
ကောင်းတာလုပ်လဲ
အဖျက်ဆိုတာ ရှိစမြဲမို့၊
စိတ်မယိုင်ဘဲ၊ ရည်မှန်းချက်သို့
သတိကိုင်လျှောက် သူငယ်ချင်း.....။
တရားစစ်မှန်၊ အဓမ္မရန်ကို
လိုအပ်ပါက၊ သက်ပင်စတေး
ကာကွယ်ကြစို့ သူငယ်ချင်း........။
ဤလောကဝယ်
အာရုံငါးပါး၊ ထွေပြားသမို့
ကာမနွံထဲ၊ သာယာနေပဲ
လွတ်အောင်ရုံးလော့ သူငယ်ချင်း........။
ကိုယ့်ပြည်ကိုယ့်ရွာ်
စည်ပင်ဖြိုးအောင်
ကြံဆောင်ဖို့က
မင်းတို့ငါတို့၊ တာဝန်တည်း.........။
ကောင်းတာလုပ်လဲ
အဖျက်ဆိုတာ ရှိစမြဲမို့၊
စိတ်မယိုင်ဘဲ၊ ရည်မှန်းချက်သို့
သတိကိုင်လျှောက် သူငယ်ချင်း.....။
တရားစစ်မှန်၊ အဓမ္မရန်ကို
လိုအပ်ပါက၊ သက်ပင်စတေး
ကာကွယ်ကြစို့ သူငယ်ချင်း........။
ဤလောကဝယ်
အာရုံငါးပါး၊ ထွေပြားသမို့
ကာမနွံထဲ၊ သာယာနေပဲ
လွတ်အောင်ရုံးလော့ သူငယ်ချင်း........။
ကံခေပျား
In OtherTuesday, March 2, 2010
ဘဝတွေ ကျိုးပေါက်လောက်အောင် ဖွင့်ဟပြီး
မိုးလောက်ထိ ဆူးဆောက်တိုနဲ့ ထွင်းပြချင်ပေမယ့်
ပြရုပ်တို့နဲ့ ထိုးမဖောက်နိုင်ခဲ့ဘူး ... ... ...
မြူမှုန်ကြားက ဟေမာန်လများမှာ
သူကြားနိုင်ဖို့
တခုခုမှ မဟနိုင်ခဲ့ဘူး ...
ပြည့်နှက်လျှံဝေပြီး ဒီရင်အစုံမှာမှာ မောလို့
မူးရင့်ရင် နွေဦးမှာရော...
စိတ်ရူးတွေနဲ့ စိတ်ခြူးကြာညောင်ပဲ ရွတ်နေမိတယ်
ဆိုးလိပ်ညှိုးခွေ စေစားနေလည်း
မိုးထဲမှာလဲ ရှေ့ ရိုးအတိုင်းပါပဲ ...
သူနဲ့တွေရင်လေ...
မူကြိုလောက်ကို ဒီအကြောင်းတွေ ဖွင့်ဟနိုင်ပါ့မလား ...
စိုးစိတ်တွေ
ကြီးစိုးရင်းနဲ့ ...
သူ့အတွက် ငါ့ပြက္ခဒိန်တိုင်းမှာ
မိုးစွေနေခဲ့ပေါ့ ...
ဒူးထောက်မတတ်ရူးခဲ့ပေမယ့် ...
ကြူးရင့်မဝံ့တဲ့ ငါ့ကို
ဗီးနပ်စ်က ဥပက္ခါပြု
မျှားနတ်မောင်က တခုပြောသေးတယ် ...
"မင်းအတွက် ... မျှား ပျောက်သွားပြီတဲ့ ..." ။ ။ ။

screen capture
In MEscreen capture လေးပါ ။ screen capture ဆိုတာကတော့ Desktop ကို ဓာတ်ပုံရိုက်တဲ့ ဟာပါ။
လိုချင်တယ် စမ်းကြည့်ချင်တယ် ဆိုရင်တော့ ...
အောက်က ပေးထားတဲ့ လင့်ကို ကလစ်နှိပ်ပြီး ရယူနှိုင်ပါတယ်။
http://www.megaupload.com/?d=0QATVCUQ
လေးစားစွာဖြင့် ...
လိုချင်တယ် စမ်းကြည့်ချင်တယ် ဆိုရင်တော့ ...
အောက်က ပေးထားတဲ့ လင့်ကို ကလစ်နှိပ်ပြီး ရယူနှိုင်ပါတယ်။
http://www.megaupload.com/?d=0QATVCUQ
လေးစားစွာဖြင့် ...
Gtalk_robot
In ME ကျွန်တော် ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်က လုပ်ထားတာလေးပါ ။ gtalk autoreply လုပ်တဲ့
ဆော့ဝဲလေးပါ။ vb နဲ့ရေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်ရေးထားတာတော့ မဟုတ်ပါဘူး ။ Open source
ကို ကျွန်တော်က အနည်းငယ်လေး ပြင်ပြီးတော့ မြန်မာစာပြောင်းထည့်ထားတာပါ။
နာမည်ကတော့ ဂျီတော့ အတွက်လည်းဖြစ် စက်ရုပ်လို အလိုအလျှောက်အလုပ်လုပ်တာလည်းဖြစ်လို့
ဂျီရုပ်လို့ ပေးထားပါတယ်။ မကောင်းဘူးလား။
လိုချင်တယ် စမ်းကြည့်ချင်တယ်ဆိုရင်တော့ ....အောက်က ပေးထားတဲ့ လင့်ကို ကလစ်ပြီး
ဒေါင်းလုပ်လုပ်နိုင်ပါတယ်ဗျာ...
http://www.megaupload.com/?d=EW2GHC4V

Subscribe to:
Posts (Atom)