HighWay

Wednesday, March 10, 2010

Rapidshare Time Reset

Thursday, March 4, 2010

Free User များအတွက် Rapidshare မှ ဒေါင်းလုပ်ချရတဲ့အခါ တဖိုင်ပြီးမှ တဖိုင်ချရပါတယ်။
ပြီးတော့ ပိုဆိုးတာက တဖိုင်ချပြီးတာနဲ့ နောက်တဖိုင်ချဖို့အတွက် စောင့်ရပါသေးတယ်။
ဒါကိုတော့ Rapidshare မှာ ဒေါင်းလုပ်ချဖူးတဲ့ လူတိုင်းသိကြမှာပါ။ အခု Rapidshare Time Reset
ကို အသုံးပြုရင်တော့ တဖိုင်ချပြီးတာနဲ့ နောက်တဖိုင်ကို အချိန်စောင့်စရာ မလိုပဲ ဆက်တိုက်
ဒေါင်းလုပ်ချနိုင်ပါတယ်။ တချိန်တည်းမှာ နှစ်ဖိုင် သုံးဖိုင်တော့ ချလို့မရဘူးပေါ့။ Free ကို Free။

အသုံးပြုပုံကတော့ Rapidshare Time Reset software ကို ရွမ်းပြီးတာနဲ့ အနီရောင် နာရီလေး
ပေါ်လာပါမယ်။ အဲဒီ့မှာ ဒေါင်းလုပ်တဖိုင်ချပြီးတာနဲ့ double click ပေးပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင်
အောက် ပုံအတိုင်းပေါ်လာပါလိမ့်မယ်။



Press any key to continue ... လို့ ပေါ်နေမှာပါ။ ကြိုက်နှစ်သက်ရာ key တခုကိုနှိပ်လိုက်ပါ။
internet ခဏပြုသွားပြီး ချက်ချင်း ပြန်ချိန်မှာပါ။ ကဲ ဒါဆိုရင် Rapidshare မှ နောက်တဖိုင်
ဆက်ချလို့ရပါပြီ။

စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က လင့်လေးကို ကလစ်ပြီးတော့ ဒေါင်းလုပ်ယူနိုင်ပါတယ်။

http://www.megaupload.com/?d=GK20HTJ0

လေးစားစွာဖြင့် ...

Union of Myanmar




မြန်မာပြည်သည် ... ဒို့ပြည်၊
မြန်မာစာသည် ... ဒို့စာ၊
မြန်မာစကားသည် .. .ဒို့စကား၊

မြန်မာပြည်ကို ချစ်ပါ၊
မြန်မာစာကို လေးစားပါ၊
မြန်မာစကားကို မြတ်နိုးပါ။

---- --- ---- --- ---- ---

ကျွန်တော် မြန်မာပြည်ကို အရမ်း မချစ်နိုင်သေးပေမယ့် ရှိသမျှအားနဲ့ ခြစ်ချူပ်ပြီး
လုပ်ထားတာ ဖြစ်ပါတယ် ... ။ ။ ။

မိတ်ဆွေတို့ရဲ့  သူငယ်ချင်း၊ မိတ်ဆွေများကို internetမှ ပေးပို့ချင်ဆယ်ဆိုရင်တော့...
အောက်ကလင့်လေးကို ပေးနိုင်ပါတယ်။

http://www.fileden.com/files/2008/10/9/2135910/mp.swf

မိတ်ဆွေတို့ computer ထဲမှာ *.exe ဖိုင် အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့ ...

ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ပြီး ရယူနိုင်ပါတယ်။ ။ ။

လေးစားစွာဖြင့်...

သူငယ်ချင်းသို့ .....

Wednesday, March 3, 2010

သူငယ်ချင်း...
ကိုယ့်ပြည်ကိုယ့်ရွာ်
စည်ပင်ဖြိုးအောင်
ကြံဆောင်ဖို့က
မင်းတို့ငါတို့၊ တာဝန်တည်း.........။

ကောင်းတာလုပ်လဲ
အဖျက်ဆိုတာ ရှိစမြဲမို့၊
စိတ်မယိုင်ဘဲ၊ ရည်မှန်းချက်သို့
သတိကိုင်လျှောက် သူငယ်ချင်း.....။

တရားစစ်မှန်၊ အဓမ္မရန်ကို
လိုအပ်ပါက၊ သက်ပင်စတေး
ကာကွယ်ကြစို့ သူငယ်ချင်း........။

ဤလောကဝယ်
အာရုံငါးပါး၊ ထွေပြားသမို့
ကာမနွံထဲ၊ သာယာနေပဲ
လွတ်အောင်ရုံးလော့ သူငယ်ချင်း........။

ကံခေပျား

Tuesday, March 2, 2010

ဘဝတွေ ကျိုးပေါက်လောက်အောင် ဖွင့်ဟပြီး
မိုးလောက်ထိ ဆူးဆောက်တိုနဲ့ ထွင်းပြချင်ပေမယ့်
ပြရုပ်တို့နဲ့ ထိုးမဖောက်နိုင်ခဲ့ဘူး ... ... ...

မြူမှုန်ကြားက ဟေမာန်လများမှာ
သူကြားနိုင်ဖို့
တခုခုမှ မဟနိုင်ခဲ့ဘူး ...
ပြည့်နှက်လျှံဝေပြီး ဒီရင်အစုံမှာမှာ မောလို့
မူးရင့်ရင် နွေဦးမှာရော...
စိတ်ရူးတွေနဲ့ စိတ်ခြူးကြာညောင်ပဲ ရွတ်နေမိတယ်
ဆိုးလိပ်ညှိုးခွေ စေစားနေလည်း
မိုးထဲမှာလဲ ရှေ့ ရိုးအတိုင်းပါပဲ ...

သူနဲ့တွေရင်လေ...
မူကြိုလောက်ကို ဒီအကြောင်းတွေ ဖွင့်ဟနိုင်ပါ့မလား ...
စိုးစိတ်တွေ
ကြီးစိုးရင်းနဲ့ ...
သူ့အတွက် ငါ့ပြက္ခဒိန်တိုင်းမှာ
မိုးစွေနေခဲ့ပေါ့ ...

ဒူးထောက်မတတ်ရူးခဲ့ပေမယ့် ...
ကြူးရင့်မဝံ့တဲ့ ငါ့ကို
ဗီးနပ်စ်က ဥပက္ခါပြု
မျှားနတ်မောင်က တခုပြောသေးတယ် ...
"မင်းအတွက် ... မျှား ပျောက်သွားပြီတဲ့ ..." ။ ။ ။

screen capture

screen capture လေးပါ ။ screen capture ဆိုတာကတော့ Desktop ကို ဓာတ်ပုံရိုက်တဲ့ ဟာပါ။




လိုချင်တယ် စမ်းကြည့်ချင်တယ် ဆိုရင်တော့ ...

အောက်က ပေးထားတဲ့ လင့်ကို ကလစ်နှိပ်ပြီး ရယူနှိုင်ပါတယ်။

http://www.megaupload.com/?d=0QATVCUQ

လေးစားစွာဖြင့် ...

Gtalk_robot

ကျွန်တော် ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်က လုပ်ထားတာလေးပါ ။ gtalk autoreply လုပ်တဲ့
ဆော့ဝဲလေးပါ။ vb နဲ့ရေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်ရေးထားတာတော့ မဟုတ်ပါဘူး ။ Open source
ကို ကျွန်တော်က အနည်းငယ်လေး ပြင်ပြီးတော့ မြန်မာစာပြောင်းထည့်ထားတာပါ။




နာမည်ကတော့ ဂျီတော့ အတွက်လည်းဖြစ် စက်ရုပ်လို အလိုအလျှောက်အလုပ်လုပ်တာလည်းဖြစ်လို့
ဂျီရုပ်လို့ ပေးထားပါတယ်။ မကောင်းဘူးလား။
လိုချင်တယ် စမ်းကြည့်ချင်တယ်ဆိုရင်တော့ ....အောက်က ပေးထားတဲ့ လင့်ကို ကလစ်ပြီး
ဒေါင်းလုပ်လုပ်နိုင်ပါတယ်ဗျာ...

http://www.megaupload.com/?d=EW2GHC4V
လေးစားစွာဖြင့်...

စကားကြီး ၁၀-မျိုး

Sunday, February 28, 2010

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက-ပြောသောစကားကို သာဓကထုတ်အပ်၏။


၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဆုပ်ဖြင့် ဆုပ်သိမ်းကာ တံဇဉ်ဖြင့်အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် (ကောက်ပင်ရိတ်လှီး ပြောနည်း ) မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။


၃။ ရေစီးဖောင်ဆန် ပြောနည်း
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဥပမာ-ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် (ရေစီးဖေညင်ဆန် ပြောနည်း ) မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က ( အဆွေတော် ) ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီ သားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။


၎။ အိုးတန် ဆန်ခတ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့
စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် ( အိုးတန် ဆန်ခတ် ပြောနည်း) မည်၏။
သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်-ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၅။ ဆီပွတ် ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့
အလိုရှိသောစကားကို အထပ်ထပ် ပြောဆိုခြင်းသည် ( ဆီပွတ်ကျည်ပွေ့ ပြောနည်း ) မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း။
ရှားနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း-ဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၆။ ဆင်ဝှေ့ ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့
စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် ( ဆင်ဝှေ့ရန်ရှေင် ပြောနည်း ) မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏စကားကို သာဓက ထုတ်အပ်၏။


၇။ တောင်သူ ယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်ငယ်တို့ကို ဦးစွာ ရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့
စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် (တောင်သူ ယာခုတ် ပြောနည်း ) မည်၏။
အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့်ပညာ ဘယ်ဟာက-မြတ်သည် ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။


၈။ ကြက်ဆုတ် ခွပ်ပစ် ပြောနည်း
ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့
စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သ၍ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် ( ကြက်ဆုတ် ခွပ်ပစ် ပြောနည်း ) မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီးဦးပေါဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့
တဘက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် ( ရေစစ်ပမာ စကားပြောနည်း ) မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။


၁၀။ ခက်တင် မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်တကျ ပြောဆိုခြင်းသည် ( ခက်တင် မောင်းနင်း ပြောနည်း ) မည်၏။
ဤသူ ငါ့တူ-မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။ စကားကြီး ၁၀-မျိုးအကြောင်း ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါကုန်။

( အောင်ပွဲရ ကဗျာ )
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

ဝေးရာ

Saturday, February 27, 2010

ဝေးခဲ့ပါပြီ ...
မွေးကတည်းက ချေးတို့က
တပါတည်းမို့
ချိုမပါပဲဝှေ့  ဒုက္ခတို့က
ကြိုမမှာပဲတွေ့  လောကတို့က
နွေမပါပဲ သွေ့ နေတော့ ...
ဖြူမနောမပွင့်မှီ
ဆူသောနယ်အလည်မှာ
မူးမောမျောရပြန်ပြီ။

ရာသီတို့က ပူအိုက်
ရှိုက်သမျှ ရနံ့တို့က ခါး
ကြားသမျှတို့က ဝါးစားတော့မလို
တော်ပါပြီ
ခွာပြီးသား ပိုစတာတွေ ။ ။

မွန်းကျပ်လို့နေပါပြီ
ပြာရီကောင်းကင်လဲ မှိုင်းဝေ
လာချီသူတို့က ညာရီ
ဝါလီထပ်တို့က ရိုင်းနေတော့
အညှီတို့နဲ့ ဝေးရာ
အခြားတဖက်ကို ကူးထွက်ချင်ပြီ ။ ။ ။

ဝေးရာကိုပါ
သွေးမပါလဲ နေပါစေ...
ဓမ္မတေးတပုဒ်
ရေလက်တဆုတ်စာနဲ့
ခြေသုတ်ပါရစေ... ။ ။ ။ ။

BUDDHA 001



ကျွန်တော် မနှစ်က Flash နဲ့ လုပ်ထားတဲ့ ဘုရားပုံတော်ကို တင်ပေးထားတာဖြစ်ပါတယ်။ ကွန်ပျူတာပေါ်မှာ ပူဇော်ချင်တယ်ဆိုရင် အောက်က ပေးထားတဲ့ လင့် ကို နှိပ်ပြီးတော့ ဒေါင်းလုပ်လုပ်နိုင်
ပါတယ်။ အခု လောလောဆယ်တော့ *.exe ဖိုင်ပဲတင်ပေးထားပါတယ်(connection သိပ်မကောင်းသေးလို့ )
။ နောက်ရက်ကို screen seaver ပါ ထပ်တင်ပေးပါမယ်။
ကျွန်တော်အားတဲ့ တရက်မှာ အချိန်ပေးပြီး ဒီဘုရားပုံတော် ပြုလုပ်ပုံကို Tutorial ရေးပေးပါမယ်။
....

(no sky) http://www.megaupload.com/?d=IUX96A7F
(l sky) http://www.megaupload.com/?d=A07NCRCU
(with sky) http://www.megaupload.com/?d=2GQ16G57

... လေးစားစွာဖြင့်...

ဒါမျိုးလေးလား

Wednesday, February 24, 2010

ရေးထားတဲ့ script က ဒီလိုလေးပါ။




on(rollOver){
gotoAndPlay(_root.i+1);
trace(_root.i);
}
on(rollOut){
gotoAndStop(_root.i);
}

happy new year

Monday, February 22, 2010

နှစ်သစ်အတွက်ရည်ရွယ်ပြီးတော့ ပြီးခဲ့တဲ့ တနှစ်ကျော်က လုပ်ထားတာပါ။



ကိုယ်တိုင်လုပ်ထားတာတော့မဟုတ်ပါဘူး...။ မြန်မာစာလေးတွေ ထည့်ထားယုံပါပဲ။ သူငယ်ချင်းတွေကို
ပေးပို့ချင်တယ်ဆိုရင် အောက်က လင့်လေးကို ယူပြီးပေးပို့ နိုင်ပါတယ်။


http://www.fileden.com/files/2008/10/9/2135910/newyear.swf


လေးစားစွာဖြင့်...

အတုမရှိ မြတ်ဗုဒ္ဓ

ကျိုက်ထီးရိုးစေတီတော်




ကျိုက်ထီးရိုးစေတီတော် ပုံကို Flash နဲ့ ပူဇော်ထားတာပါ။ လိုချင်တယ် ပူဇော်ချင်တယ်ဆိုရင်တော့
ဒီနေရာကို ကလစ်ပြီးတော့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်....

လေးစားစွာဖြင့် ...

ရွှေတိဂုံစေတီတော်



ရွှေတိဂုံစေတီတော် ပုံကို Flash နဲ့ ပူဇော်ထားတာပါ။ လိုချင်တယ် ပူဇော်ချင်တယ်ဆိုရင်တော့
ဒီနေရာကို ကလစ်ပြီးတော့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်....

လေးစားစွာဖြင့် ...

RUN

Run Commands များကို အလွယ်တကူ အသုံးပြုနိုင်အောင် စုစည်းထားချင်းပါ။ Commands ပေါင်း ၁၅၀ ကျော်ပါဝင်ပါတယ်။ အသုံးလို့ပြုပုံပါရေးသားထားပါတယ်။

အောက်က ပုံမှာ ကြည့်နိုင်ပါတယ်...



အသုံးပြုမယ် စမ်းကြည့်မယ် ဆို၇င်တော့ ဒီနေရာလေးကို ကလစ်ပြီးတော့ ဒေါင်းပြီးတော့ စမ်းစေဗျာ...

မဟာဘုတ်

မြန်မာလူမျိုးများ ဗေဒင် လက္ခဏာ စပြီ ဆိုတာနဲ့ ဘာဖွားလဲလို့ အရင်တွက်ကြရပါတယ်။ မဟာဘုတ်
ထူကြတယ်ပေါ့။ မွေးနှစ်ကို တည် ရ နဲ့စား ပြီးတော့ ဟိုဟာ နဲ့မြှောက် ဒီဟာနဲ့ပေါင်း ပေါ့... အခုတော့ အဲဒီလောက် လုပ်နေစရာ
မလိုတော့ပါဘူး ။ သင့်မွေးနေ့နဲ့ မွေးရက်ကို ရွေးပေးပြီး ကလစ်တချက်ပေးလိုက်တာနဲ့ သင်ဘာဖွားလဲ ဆိုတာ သိနိုင်
ပါပြီ။ :P



နမူနာပုံလေးပါ။

လိုချင်တယ် ။ အသုံးပြုချင်တယ်။ စမ်းချင်တယ် ဆိုရင်တော့ ... ဒီနေရာလေး ကို နှိပ်ပြီးတော့ ဒေါင်းနိုင်ပါတယ်
ခင်ဗျာ...

လေးစားစွာဖြင့် ...

Radio (potable)

အင်တာနက်ပေါ်က radio stations များကို တနေရာတည်း ဖွင့်လို့ရအောင် စုစည်းထားခြင်း ဖြစ်ပါတယ်။
လိုင်းပေါင်း ၂၀၀ရာကျော်လောက်ထည့်ထားပါတယ်။ မိမိ နှစ်သက်ရာ သီချင်းအမျိုးအစားအလိုက် ရွေးချယ်
နားထောင်နိုင်ပါတယ်။




လိုချင်တယ် အသုံးပြုချင်တယ် စမ်းကြည့်ချင်တယ် ဆိုရင် ဒီနေရာလေး ကို နှိပ်ပြီးတော့ ဒေါင်းလုပ်ချ
အသုံးပြုနိုင်ပါတယ်။
လေးစားစွာဖြင့် ...

flowers

Sunday, February 21, 2010





buddha

ဒြပ်စင်အလှည့်ကျဇယား















Flash နဲ့လုပ်ထားတဲ့ ဒြပ်စင်အလှည့်ကျ ဇယားလေးပါ။ ဓာတုဗေဒပညာရပ် လေ့လာနေသူများအတွက်
အလွန်ကို အသုံးဝင်တဲ့ ဆော့ဝဲလေး တခုပါ ။ လေ့လာချင်တယ် လိုချင်တယ် ဆိုရင်တော့
ဒီနေရာကို နှိပ်ပြီးတော့ ဒေါင်းလုပ်လုပ်ပြီးတော့ ယူနိုင်ပါတယ် ခင်ဗျာ...
လေးစားစွာဖြင့် ...

Flash အကြောင်း

အများကြီး ကြိုးစားပြီးတော့ရေးသွားမှာပါ

ရုပ်ပြောင်းရုပ်လွှဲ

Tuesday, February 16, 2010

Animation ပြုလုပ်နိုင်တဲ့ software တခုပါ ...။ ဓာတ်ပုံတပုံကနေ နောက်တပုံကို မသိမသာပြောင်းသွားအောင်
လုပ်နိုင်ပါတယ်။ ရုပ်ရှင်တွေထဲကလို ရုပ်ပြောင်း ရုပ်လွှဲလုပ်နိုင်တဲ့ soft ware လေးပါ။



လုပ်ချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။